နေပြည်တော်၊ ၁၁ ဒီဇင်ဘာ
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၁၀ ရက် နံနက် ၁၁ နာရီခွဲက မိုင်းတုံမြို့နယ် မိုင်းကန်ကျေးရွာအုပ်စု ရွှေတောင်ကျေးရွာရှိ ကျဒေ့၏ နေအိမ်သို့ ဝင်ရောက် ရှာဖွေရာ ဘိန်းစိမ်း ၁ ဒသမ ၂ ကီလို၊ ဘိန်းဖြူ သုည ဒသမ ၀၁၅ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၃၈၀၀ တို့ကို သိမ်းဆည်းရမိခဲ့သည်။
သို့ဖြစ်၍ ကျဒေ့ အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား