မိုင်းယောင်း  ဇန်နဝါရီ 

 

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နံရံကပ်၊ ဓာတ်ပုံပြပွဲ၊ ဆေးရောင်ခြယ်နှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ဇန်နဝါရီ ရက် နံနက် ၁၀ နာရီက ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပသည်။

 

ပြိုင်ပွဲသို့ ကျောင်းသား၊ ကျောင်းသူ ခုနစ်ဦး လာရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

စိုင်းအောင်ဇော်လင်း