မိုင်းယောင်း ဒီဇင်ဘာ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့သည် ဒီဇင်ဘာ ၂၄ ရက်က အပြည်ပြည်ဆိုင်ရာ ရွေ့ပြောင်းသွားလာသူများနေ့ အထိမ်းအမှတ် Campain ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ပြုလုပ်တွင် မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါ်နန်းဆေး၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးနှင့် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ စေတနာလုပ်အားရှင်များက လူအသွားအလာများသော ဗလမင်းထင်လမ်းဆုံ၌ အထိမ်းအမှတ်နေ့ သော့ချိတ်များ၊ လက်ကမ်းစာအုပ်များ၊ အသိပညာပေး လက်ကမ်းစာစောင်တို့ကို ပြည်သူများအား အခမဲ့ ဝေငှပေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း