မိုင်းယောင်း ဖေဖော်ဝါရီ ၈

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဖေဖော်ဝါရီ ၈ ရက်က ဌာနဆိုင်ရာများသို့ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်း ဆောင်ရွက်ခဲ့သည်။

 

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းပန်နှင့် ဝန်ထမ်းများက ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများသို့ သွားရောက်ပြီး သုတ၊ ရသ၊ ရုပ်ပြ၊ မဂ္ဂဇင်း၊ ဂျာနယ်/စာစောင်များအား အခမဲ့ငှားရမ်းပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

စိုင်းအောင်ဇော်လင်း