မိုင်းယောင်း ဇန်နဝါရီ ၂၉
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယမန်နေ့က ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးသည် အမှတ် (၇) ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ကင်းစင်ရေး အသိပညာပေးဟောပြောပြီး အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ပြည်သူ့စစ်မှုထမ်း သင်တန်းသားစေလွှတ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးသည် မိုင်းယောင်း-မိုင်းဖြတ် လမ်းမကြီးပေါ်ရှိ တံတားများ ကြံ့ခိုင်မှုအခြေအေနေကို ကြည့်ရှုစစ်ဆေးပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးတွင် ပြည်သူ့စစ်မှုထမ်း အသက်အရွယ်ရောက်သူ စာရင်းပြုစုခြင်းကို စိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
.jpg)


