မိုင်းယောင်း ဒီဇင်ဘာ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ၂၀၂၁ ခုနှစ် ခရစ္စမတ်နေ့ အထိမ်းအမှတ် စုပေါင်းဂုဏ်ပြု ဆုတောင်းပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၅ ရက် နံနက်ပိုင်းက ကျင်းပသည်။
ရှေးဦးစွာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရစ္စမတ်ဆုတောင်းပွဲကို ကျင်းပရာ နောင်ရှဲန်ဘုရားရှိခိုးကျောင်း မိသားစုက ခရစ္စမတ် Carol သီချင်းများဖြင့် သီဆိုဖျော်ဖြေကြသည်။ထို့နောက် နောင်ရှဲန်ဘုရားရှိခိုးကျောင်းမှ ကျောင်းထိုင်ဘုန်းတော်ကြီး Fr.Francis Charles က မင်္ဂလာရှိသော ခရစ္စမတ်အခါသမယတွင် ပျော်ရွှင်ခြင်းများဖြင့် ပြည့်စုံနိုင်ပါစေကြောင်း၊ ဝမ်းမြောက်ခြင်းများနှင့် ပြည့်ဝနိုင်ကြပါစေကြောင်း ခရစ္စမတ် သတင်းကောင်းနှင့် ဆုမွန်စကား မျှဝေပြောကြား ဆုတောင်းပေးသည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူက ခရစ္စမတ်အခါသမယတွင် ခရစ်ယာန်ဘာသာဝင်များအားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း၊ နှစ်သစ်အခါသမကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေကြောင်းဖြင့် ခရစ္စမတ်နှုတ်ခွန်းဆက် ဆုတောင်းစကား ပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးက နောင်ရှဲန်ဘုရားရှိခိုးကျောင်း မိသားစုအား ခရစ္စမတ်အထိမ်းအမှတ်လက်ဆောင်များ ပေးအပ်ပြီး Fr.Francis Charles မှလည်း အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ခရစ္စမတ်အထိမ်းအမှတ် လက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း


