မိုင်းယောင်း စက်တင်ဘာ ၂၀

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ် အတွက် ကြိုတင်ပြင်ဆင်ခြင်းနှင့် အရေးပေါ်တုံ့ပြန်နိုင်ရေး လေ့ကျင့်ဆောင်ရွက်မှုကို ယနေ့ နံနက် ၈ နာရီခွဲက အောင်မင်္ဂလာကျေးရွာ၌ ကျင်းပပြုလုပ်သည်။

 

ဦးစွာ အမှတ်(၁၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဒုတိယစစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး သက်နောင်ထူးက အဖွင့်အမှာစကားပြောကြားပြီး မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ တပ်နယ်/တပ်ရင်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၏ သဘာဝဘေးအန္တရာယ်အတွက် အရေးပေါ် တုံ့ပြန်နိုင်ရေး လေ့ကျင့်ဆောင်ရွက်နေမှုများကို ခရိုင်နှင့် မြို့နယ်သဘာဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌတို့နှင့်အတူ ကြည့်ရှုအားပေးခဲ့သည်။

 

အဆိုပါလေ့ကျင့်မှုကို ခရိုင်နှင့် မြို့နယ်သဘာဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့တို့က ဦးဆောင်ပြီး စက်တင်ဘာ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း အပူပိုင်းမုန်တိုင်း ဆိုးလစ်ခ် (SOULIK)”၏ လေပွေလှိုင်းအရှိန်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် မိုးသည်းထန်စွာ ရွာသွန်းခြင်း နှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်း၊ မြေပြိုခြင်း စသည့် သဘာဝဘေး အန္တရာယ်အတွက် ကြိုတင်လေ့ကျင့် ပြင်ဆင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း