မိုင်းယောင်မြို့၌ တစ်ကြိမ်စိုက် နှစ်သီးစား ငရုတ်တောင်သူများ ဝင်ငွေကောင်းနေ

မိုင်းယောင်း ဒီဇင်ဘာ ၂၃

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့၌ ဆောင်းသီးနှံစိုက်ခင်းများတွင် ငရုတ်စိုက်၍ တစ်ကြိမ်စိုက် နှစ်သီးစားကာ ဝင်ငွေကောင်းလျက်ရှိကြောင်း ငရုတ်သီးစိုက် တောင်သူများထံမှ သိရသည်။

 

မိုင်းယောင်းမြို့နယ်တွင် ဒေသ၏ရာသီဥတုနှင့် ကိုက်ညီပြီး အသီးများ၍ ဈေးကောင်းရရှိသော မိုင်းယောင်းဒေသမျိုး မိုးထောင်ငရုတ်(အစပ်)ကို ဆောင်းသီးနှံ စိုက်ခင်းများတွင် စိုက်ပျိုးထားသည့်ပြင် လယ်ကန်သင်းဘေးများတွင်လည်း စိုက်ပျိုးကြသည်။

 

မိုးထောင်ငရုတ် တစ်ပင်လျှင် အဆုပ်သုံးလေးဆယ်ခန့်သီးပြီး တစ်ဆုပ်လျှင် ငရုတ်သီးတောင့် ၁၅ တောင့်ခန့်သီးကြောင်း၊ တစ်ကီလို ကျပ် ၂၀၀၀ ထိရရှိကာ တာချီလိတ်၊ ကျိုင်းတုံဈေးကွက်များကိုလည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

 

စိုင်းအောင်ဇော်လင်း