မိုင်းယောင်း ၁ နိုဝင်ဘာ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် အမှတ်(၇)ရပ်ကွက် ကြောင်စလီ ရှမ်းဘုန်းတော်ကြီးကျောင်းတွင် တည်ထားကိုးကွယ်တော်မူသော စလီဘွန်းလိန်း စေတီတော်မြတ်၏ ထီးတော်သစ်တင် အလှူမင်္ဂလာပွဲကို နိုဝင်ဘာ ၁ ရက်က စတင် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ထီးတော်တင်လှူပူဇော်ပွဲကို ရွာသူရွာသားများနှင့် စုပေါင်းအလှူရှင်များ၏ အလှူဖြင့် နိုဝင်ဘာ ၅ ရက်တွင် ထီးတော်သစ် တင်လှူ ပူဇော်မည်ဖြစ်သည်။
ထီးတော်သစ် တင်လှူမည့် စေတီတော်မြတ်အား မျိုးဆက်သစ်ရောင်နီ ပရဟိတ လူမှုကူညီရေးအသင်း နာယက ဦးစိုင်းဘွန်းစီနှင့် အဖွဲ့သားများက လုပ်အားဒါနကုသိုလ်ပြု ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အားချာ(ပြန်/ဆက်)



