မိုင်းယောင်း စက်တင်ဘာ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်နေသော ကြက်ခြေနီသူနာပြုတပ်ဖွဲ့အား အလှူငွေနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို စေတနာရှင် အလှူရှင်များက လာရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။

 

တိုင်းယောင်းစိုက်ပျိုးရောင်းဝယ်ရေးကုမ္ပဏီက အလှူငွေ ကျပ်နှစ်သိန်း၊ အမှတ်(၇)ရပ်ကွက် အလှူရှင်များက အလှူငွေ ၁၇၂၀၀၀ ကျပ်၊ ဦးအေးမင်းဇော်၊ ဦးစိုင်းကောင်ခမ်းနှင့် စိုင်းဆွမ်ထောင်း မိသားစုတို့က အလှူငွေ ကျပ်တစ်သိန်းစီ၊ ဦးမင်းမင်း၊ စိုင်းကီ၊ ဒေါ်နန်းခင်ဆွေနှင့် အီနန်းပင် မိသားစုတို့က အလှူငွေ ကျပ်ငါးသောင်းစီ၊ အောင်နိုင်ဦး၊ မတင်နီလာဝင်းတို့က အလှူငွေ ကျပ်သုံးသောင်းစီ၊ နန်းလနှင့် အိမ်ဆွမ်းတို့က အလှူငွေ ကျပ်ငါးသောင်း၊ နန်းနွန်းနှင့် အီအွန်တို့က အလှူငွေ ကျပ်သုံးသောင်း၊ စိုင်းခမ်းလျဲန် မိသားစုက Cvitt(အချိုရည်) နှစ်ကဒ်နှင့် စပွန်ဆာ(သံဗူး) တစ်ဖာ၊ စိုင်းငယ် မိသားစုက စပွန်ဆာ(အချိုရည်) တစ်ဖာ၊ နန်းမွေဖောင်း မိသားစုက Cap အခု ၁၀၀ ပါ နှစ်ထုပ်၊ ဦးအိုက်သောင်း မိသားစုက PPE ဝတ်စုံ ငါးစုံ၊ ဦးစိုင်းဆွမ်ဖား မိသားစုက Surgical Gown ၁၅ စုံနှင့် Cap အခု ၅၀ ပါနှစ်ထုပ်တို့ကို လာရောက်လှူဒါန်းခဲ့သည်။

 

ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များသည် ကိုဗစ်-၁၉ အတည်ပြုလူနာများ ဆေးကုသမှု ခံယူနိုင်ရန် ယာယီဆေးကုသဆောင်သို့ ကူညီပို့ဆောင်ပေးခြင်း၊ အတည်ပြုလူနာများ ကျန်းမာရေးကောင်းမွန်လာ၍ ဆေးရုံဆင်းခွင့်ရသူများကို အိမ်တိုင်ရာရောက် ပြန်လည်ပို့ဆောင်ပေးခြင်း၊ အရေးပေါ် သွေးလိုအပ်နေသူများအတွက် သွေးလှူဒါန်းပေးခြင်း၊ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)