မိုင်းယောင်း ၅ မတ်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် အခြေခံပညာ မူလတန်း(လွန်)ကျောင်း(ဝမ်တုံ့)၌ နွေရာသီကာလအတွင်း ရေလုံလောက်မှုရှိစေရေးအတွက် ကျောက်ခွေရေလှောင်ကန်ကို ဆောက်လုပ်ခဲ့ကြောင်း သိရသည်။
ပူပြင်းသည့် နွေရာသီကာလအတွင်း ရေလုံလောက်မှုရှိရေးအတွက် အခြေခံပညာမူလတန်း(လွန်)ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဧရာနှိုင်းနှိုင်းအောင်၏ ဦးဆောင်လှူဒါန်းမှုနှင့် ရွာသူ၊ ရွာသားများ၊ ဝမ်တုံ့ကျေးရွာမှ ကျောင်းသားဟောင်းများ၏ စုပေါင်းလုပ်အားများဖြင့် ရေဂါလံ(၅၀ဝ)ဆံ့ ကျောက်ခွေရေလှောင်ကန် တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။
အားချာ(ပြန်/ဆက်)


