mdn

မိုင်းယောင်း   အောက်တိုဘာ   ၇

တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ ထောက်ပံ့သော အောက်ဆီဂျင်ထုတ်စက် ပေးအပ်ပွဲ အခမ်းအနားကို အောက်တိုဘာ ၆ ရက် ညနေပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် စစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်အေးမင်းဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူနှင့် မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမင်းသိန်းတို့ထံ အောက်ဆီဂျင်ထုတ်စက် (Oxygen Concentrator)နှင့် ဆက်စပ်ပစ္စည်းများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊ ကြက်ဥ၊ ဆီ၊ ကော်ဖီမစ် စသည့် စားသောက်ကုန် ပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း