မိုင်းယောင်းမြို့နယ်၌ ကြက်ခြေနီသူနာပြုတပ်ဖွဲ့သို့ အလှူငွေနှင့် ပစ္စည်းများလှူဒါန်း

mdn

မိုင်းယောင်း ဩဂုတ် ၂

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး၊ သဘာဝဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေး အတွက် အလှူငွေနှင့် အထောက်အကူပြုပစ္စည်းများကို အလှူရှင်များက ယမန်နေ့တွင် ပေးအပ်လှူဒါန်းကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဇော်က အလှူငွေ ကျပ်ငါးသောင်း၊ ဒေါ်မိုးသီတာမြင့်က ကျပ်နှစ်သောင်း၊ ဒေါ်နန်းဘိုးခမ်းက Mask ၁၀ ထုပ်၊ ဒေါ်အေးသီတာနွယ်က ကျပ်ငါးသောင်း၊ ဒေါ်နန်းဘိုးဖာက ကျပ်တစ်သိန်းနှင့် Mask၊ လက်သန့်ဆေးရည်၊ အရက်ပျံများ၊ ဒေါ်နန်းအောန်ကျောက်က ကျပ်နှစ်သောင်း၊ ဦးအောင်နိုင်က ကျပ်ငါးသောင်း၊ မိဘမေတ္တာကုန်စုံဆိုင်က ကျပ်ငါးသောင်းနှင့် Mask၊ လက်သန့်ဆေးရည်၊ အရက်ပြန်များ၊ ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေး အတွက် အဖြူရောင်တွဲလက်အဖွဲ့က ကျပ်လေးသိန်းတို့ကို အသီးသီး အေးအပ်လှူဒါန်း ခဲ့ကြရာ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးက လက်ခံရယူခဲ့သည်။

 

မိုင်းယောင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီ စေတနာလုပ်အား ရှင်များ သည် အရေးပေါ် သွေးလိုအပ်နေသူများအတွက် သွေးလှူဒါန်းပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ရှေ့တန်းနေရာမှ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း