မိုင်းယောင်း၊ ၁၅ ဒီဇင်ဘာ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် သက်ဆိုင်ရာ Quarantine Centre အသီးသီးမှ Quarantine ဝင်နေသူ ၄၉ ဦး၏ Swab နာမူနာများကို ဒီဇင်ဘာ ၁၅ ရက်က ရယူပြီး ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ သိရှိနိုင်ရန်အတွက် တောင်ကြီးမြို့၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲဌာနသို့ ပို့ဆောင်ထားကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

ယင်း Swab နမူနာများ ရယူရာတွင် ၃၆ ဦးမှာ ပထမအကြိမ် RDT Test Kit ဖြင့် စစ်ဆေးရာတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိခြင်းမရှိဘဲ ဒုတိယအကြိမ် ထပ်မံစစ်ရန် Swab နာမူနာများကို ပေးပို့ခြင်းဖြစ်ကြောင်း၊ ကျန် ၁၃ ဦးမှာ ပထမအကြိမ်စစ်ရန်အတွက် Swab နာမူနာများကို ပေးပို့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ Swab နမူနာ ရယူသူများအနက် ၃၆ ဦးမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ကိုးဦး၏ မိသားစုဝင်များနှင့် ၎င်းမိသားစုဝင်များနှင့် ထိတွေ့ထားသူများဖြစ်ကြပြီး ကျန် ၁၃ ဦးမှာ တာချီလိတ်က ပြန်လာပြီး Quarantine ဝင်နေသူများဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 

အားချာ(ပြန်/ဆက်)

 

mdn