မိုင်းယောင်း   နိုဝင်ဘာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် နိုဝင်ဘာလ ရက်နေ့ နံနက် နာရီအချိန်ကစတင်၍ ရပ်ကွက်နှင့် ကျေးရွာအုပ်စုမှ မဲရုံများဖွင့်လှစ်ပြီး ပြည်သူများ ဆန္ဒမဲပေးနေကြပြီဖြစ်ကြောင်း သိရသည်။

ဆန္ဒမဲလာရောက်ပေးရာတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် မဲရုံအဝင်ဝ၌ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ လက်သန့်ဆေးရည် (Hand Gel) ဖြင့် လက်ကိုဆေး ကြောပေးခြင်း၊ နှာခေါင်းစည်း(Mask)တပ်စေခြင်း၊ တစ်ဦးနှင့်တစ်ဦး သတ်မှတ်အကွာအဝေးဖြင့် တန်းစီစေခြင်းနှင့် မဲဆန္ဒရှင်ပြည်သူများ စိတ်ချလုံခြုံစွာ  စနစ်တကျ ဆန္ဒမဲပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်တွင် အထွေထွေရွေးကောက်ပွဲကို မဲရုံပေါင်း ၆၈ ရုံဖြင့်ကျင်းပပြီး မဲဆန္ဒရှင်ပြည်သူပေါင်း ၂၇၁၉၁ ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

အားချာ(ပြန်/ဆက်)