မိုင်းယောင်း   နိုဝင်ဘာ   ၂၆

 

ကိုဗစ်-၁၉ ကာလ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် အခြေခံ စားသောက်ကုန်များ စျေးမြှင့်တင်ရောင်းချခြင်းမရှိဘဲ စျေးနှုန်းတည်ငြိမ်စွာ ရောင်းချလျက်ရှိကြောင်း သိရသည်။

 

ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ တုံ့ပြန်ဆောင်ရွက်နေစဉ်ကာလအတွင်း ဆန်၊ ဆီ၊ ဆားအပါအဝင် အခြေခံစားသောက်ကုန်များ စျေးနှုန်းတည်ငြိမ်စွာ ရောင်းချနိုင်ရေးနှင့် စျေးနှုန်းများ မတန်တဆတက်၍ ရောင်းချခြင်းများ မရှိစေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များနှင့် တာဝန်ရှိသူများက မြို့နယ်အတွင်း ရောင်းချလျက်ရှိသည့် ကုန်စုံဆိုင်များအား လိုက်လံကြပ်မတ်စစ်ဆေး ဆောင်ရွက် လျက်ရှိသည်။

 

“အာလူးနဲ့ ကြက်သွန်စျေးနှုန်းကတော့ အရင်ကထက် စျေးကျပါတယ်။ ကြက်ဥကတော့ အနည်းငယ် တက်ပါတယ်။ ကျန်တဲ့ ဆန်၊ ဆီ၊ ဆား စတဲ့ အခြေခံစားကုန်များကတော့ ပုံမှန်စျေးနှုန်းအတိုင်း ရောင်းချလျက်ရှိပြီး စျေးနှုန်းမတန်တဆတက်၍ ရောင်းချတာ မရှိပါဘူး”ဟု ကုန်စုံဆိုင်ရောင်းချသူ တစ်ဦးက သိရသည်။

 

စိုင်းအောင်ဇော်လင်း