မိုင်းယောင်း  မေ  ၆

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ်တွင် လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံစေပြီး အသိပညာ ဗဟုသုတတိုးပွားစေရန် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက အမှတ်(၈)ရပ်ကွက်၌ ကျင်းပသည်။

 

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းပန်က “မျိုးဆက်သစ်လူငယ်များ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး” အကြောင်းကိုလည်းကောင်း၊ ရုပ်သံကျွမ်းကျင်-၃ ဒေါ်နန်းစီဖေါင်းက “လူငယ်နဲ့ ရည်မှန်းချက်” အကြောင်းကိုလည်းကောင်း၊ လုပ်သားရုပ်သံ ဒေါ်ဝေဝေခိုင်က “လူငယ်နဲ့ ပေါင်းသင်းဆက်ဆံရေး” အကြောင်းကို ဟောပြောခဲ့ကြသည်။

 

ထို့နောက် လူငယ်ရေးရာဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့် စာအုပ် စာစောင်ပြပွဲများ ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း