မိုင်းယောင်း  ၁၆  ဇန်နဝါရီ

 

မြန်မာ့အာမခံလုပ်ငန်းအကြောင်း ဟောပြောဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဟောပြောပွဲတွင် မြန်မာ့အာမခံလုပ်ငန်း တာချီလိတ်ခရိုင်ရုံးမှ လက်ထောက်မန်နေဂျာ ဦးအောင်ဖုန်းမို သည် နိုင်ငံ့ဝန်ထမ်း အသက်အာမခံ(ကာလတို)အကြောင်း၊ မီးနှင့် သဘာဝဘေးအန္တရာယ် အာမခံ သိကောင်းစရာများနှင့် အာမခံထားရှိခြင်းဖြင့်ရရှိမည့် အကျိုးခံစားခွင့်များအကြောင်းကို ဟောပြော ခဲ့သည်။

 

ထို့နောက် တက်ရောက်လာသူများအား အာမခံအကြောင်း သိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကာ မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ဖြေကြားပေးခဲ့သည်။

 

ဟောပြောပွဲသို့ မိုင်းယောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ မိုင်းယုအုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုး နှင့် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ မိုင်းယောင်း-မိုင်းယု ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အားချာ(ပြန်/ဆက်)