မိုင်းယောင်း ၁၅  ဇွန်

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် လက်လုပ်ကြိမ်ထိုင်ခုံများကို ဝယ်ယူအသုံးပြုသူ နည်းလာခြင်းကြောင့် ရိုးရာကြိမ်ထိုင်ခုံ ပြုလုပ်ရောင်းချသူ နည်းပါးလာကြောင်း သိရသည်။

 

“ကြိမ်ထိုင်ခုံ တစ်လုံးကို ကျပ် ၅၀ဝ၀ ရောင်းရပါတယ်၊ သုံးလုံးဝယ်ယူလျှင် ကျပ် ၁၃၀ဝ၀ ဖြစ်ပါတယ်၊ ကြိမ်ထိုင်ခုံ တစ်လုံးရဖို့ အဆင့်ဆင့် အချိန်ယူပြုလုပ်ရပြီး တစ်ရက်ကို ကြိမ်ထိုင်ခုံ လေးလုံး၊ ငါးလုံးခန့်သာ ပြီးစီးတယ်၊ ပြုလုပ်ပြီးတဲ့ ကြိမ်ထိုင်ခုံများကို ကျေးရွာအထိ လာရောက်ဝယ်ယူသူများ ရှိပါတယ်”ဟု ရိုးရာကြိမ်ထိုင်ခုံ ပြုလုပ်ရောင်းချသည့် အဘိုး ဦးအိုက်ကောင်က ပြောသည်။

 

ယခုအခါ မိုင်းယောင်းမြို့နယ်တွင် ပလပ်စတစ်ထိုင်ခုံများကိုသာ ဝယ်ယူအသုံးပြုနေကြသဖြင့် လက်လုပ်ကြိမ်ထိုင်ခုံများ ဝယ်ယူအသုံးပြုသူနည်းလာပြီး ရိုးရာကြိမ်ထိုင်ခုံ ပြုလုပ်ရောင်းချသူ နည်းပါးခဲ့ရကြောင်း သိရသည်။

 

စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)