မိုင်းယောင်း မတ် ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အမှတ်(၁)ရပ်ကွက်တွင် မတ် ၁၄ ရက် နံနက်ပိုင်းက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းအောင်ဇော်လင်းက လူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန် ဟောပြောပွဲပြုလုပ်ခြင်းနှင့် စပ်လျဉ်း၍ ပြောကြားပြီး လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး အကြောင်းကို ဟောပြောခဲ့သည်။
ထို့နောက် ဌာနမှတာဝန်ရှိသူများက လူငယ်နှင့် ရည်မှန်းချက်အကြောင်းနှင့် လူငယ်နှင့် ကျန်းမာရေးအကြောင်းများကို ဟောပြောခဲ့ကြပြီး အသိပညာပေးနံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
ထွန်းမြင့်လှိုင်(ပြန်/ဆက်)