မိုင်းယောင်း ဒီဇင်ဘာ ၁၄

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် တောင်သူများ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသော ရွှေပဲရွက်စိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

 

မိုင်းယောင်းမြို့နယ်အတွင်းရှိ တောင်သူအများစုမှာ ရွှေပဲရွက်ကို မိသားစုအပိုဝင်ငွေရရှိစေရေးအတွက် အဓိကထား စိုက်ပျိုးကြသည်။ ရွှေပဲရွက်ကို တန်ဆောင်မုန်းလတွင် စတင်စိုက်ပျိုးကြပြီး နတ်တော်လ၊ ပြာသိုလ၊ တပို့တွဲလတို့တွင် အများဆုံးစိုက်ပျိုးကြသည်။ ရရှိသည့်ရွှေပဲရွက်များကို ဈေး၊ ခေါက်ဆွဲဆိုင်များသို့ သွားရောက်ရောင်းချကြသည်။

 

ကျွန်တော်တို့ တောင်သူတွေက ရွှေပဲရွက်ကို အဓိကအားထား စိုက်ပျိုးကြရတာက မိသားစုအပိုဝင်ငွေ ရရှိစေရေးနဲ့ မီးဖိုချောင်အသုံးစရိတ်ကို ကာမိအောင်စိုက်ကြတာပါ။ ရွှေပဲရွက်ပေါ်ချိန်မှာ တစ်ပုံလျှင် ငွေကျပ် ၂၀၀ ရပါတယ်။ တချို့လည်း ခြံထဲအထိ လာရောက်ဝယ်ယူတာတွေလဲ ရှိပါတယ်ဟု တောင်သူတစ်ဦးက ပြောပြသည်။

 

ရွှေပဲရွက်ကို ရှမ်းခေါက်ဆွဲ၊ ဟင်းရည်၊ တို့စရာ၊ ခေါက်ဆွဲနွဲ့တို့တွင် မိမိကြိုက်နှစ်သက်သလို အမျိုးမျိုး အလွယ်တကူ ပြုလုပ်စားသုံးနိုင်ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း