မိုင်းယောင်း အောက်တိုဘာ ၁၈

 

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Book Club Youth Club Woman Club အသင်းတို့ ပူးပေါင်းပြီး စာရေးဆရာ နတ်သျှင်(ရွှေဂူ)၏လူငယ်များကို ပျိုးထောင်ပေးပါစာအုပ်ဖြင့် ယနေ့နံနက်ပိုင်းတွင် လူထုအခြေပြု ဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

 

 

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းအောင်ဇော်လင်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး လူငယ်များကို ပျိုးထောင်ပေးပါအကြောင်းကို လည်းကောင်း၊ Woman Club အသင်း အတွင်းရေးမှူး ဒေါ်နန်းလျှိုးရှဲန်မုန်းက သူရဲကောင်း လူသားများအကြောင်းကိုလည်းကောင်း၊ စာကြည့်တိုက်လက်ထောက်(၃) ဒေါ်နန်းပန်က “စာဖတ်ခြင်း အတတ်ပညာအကြောင်းကိုလည်းကောင်း၊ Book Club အသင်းဝင် ဦးစိုင်းမျိုးအောင်က လူငယ်နှင့် အပေါင်းအသင်းအကြောင်းကိုလည်းကောင်း အသီးသီး ဖတ်ကြားခဲ့ကြသည်။

 

 

ထို့နောက် စာရေးဆရာ နတ်သျှင်(ရွှေဂူ)၏လူငယ်များကို ပျိုးထောင်ပေးပါစာအုပ်မှ မိမိတို့ဖတ်ရှု ထားသည်များကို ပြန်လည်ဆွေးနွေးခြင်း၊ ရရှိလာသည့် အသိပညာဗဟုသုတနှင့် စာပေဆိုင်ရာ အသိအမြင်များကို အပြန်အလှန်ဆွေးနွေးဖလှယ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

 

 

ယင်းစာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ စာအုပ်စာစောင် ချစ်မြတ်နိုးသည့် ဝါသနာတူကလပ်အသင်းများဖြစ်သော Book Club Youth Club Woman Club အသင်းအဖွဲ့ဝင်များ၊ စာဖတ်ဝါသနာရှင်၊ စာပေဝါသနာရှင် ပြည်သူများ တက်ရောက်ကြသည်။

 

စိုင်းအောင်ဇော်လင်း