မိုင်းယောင်း   ၁၆  မတ်

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်၌ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ COVID-19 အဆုတ်ရောင်ရောဂါကာကွယ်ရေး အသိပညာပေး လှုပ်ရှားမှုကို ယနေ့ နံနက်ပိုင်းက ဝမ်ပုံကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။

 

2

 

ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက COVID-19 ဗိုင်းရပ်စ် ကာကွယ်ရေးအတွက် လက်သန့်ဆေးရည်များအသုံးပြု၍ လက်များသန့်စင်အောင် မကြာခဏ ဆေးပေးသင့်ကြောင်း၊ အပြင်သို့ သွားလာပါက နှာခေါင်းစည်း(Mask)များ တပ်ကြရန်၊ နှာချေ၊ ချောင်းဆိုးသည့်အခါ လိုက်နာရမည့် နည်းလမ်းများနှင့် ကိုယ်အပူချိန်မြင့်သည့် သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ တွေ့ရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံး ဆက်သွယ်သတင်းပို့ကြရန် အသိပညာပေးဟောပြောပြီး COVID-19 ဗိုင်းရပ်စ်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

 

3

 

ထို့နောက် မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များက မကူးစက်နိုင်သည့် ရောဂါများဖြစ်သည့် ဆီးချို၊ သွေးချို၊ နှလုံးနှင့် သွေးတိုး စသည့် ရောဂါများကာကွယ်ရေးအတွက် နေထိုင်စားသောက်ရမည့် နည်းလမ်းများ ကို အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အားချာ(ပြန်/ဆက်)

 

4