မိုင်းယောင်း ဇွန် ၁၉

စနေ၊ တနင်္ဂနွေနေ့များသည် အစိုးရရုံးပိတ်ရက်များဖြစ်သဖြင့် အနယ်နယ်အရပ်ရပ်မှ အပန်းဖြေသူများ ကားကြီးကားငယ်များဖြင့် လာရောက်အပန်းဖြေသဖြင့် မြန်မာနိုင်ငံ၏ အရှေ့ဘက်အကျဆုံးမြို့ဖြစ်သော ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ်အတွင်းရှိ ကြာကန်များ၌ ယနေ့တွင် အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိသည်။

မိုင်းယောင်းမြို့နယ် ဝမ်ဖြိုကျေးရွာ၊ တာပေါက်ကျေးရွာ၊ ပါမုန်ကျေးရွာနှင့် ဝမ်လဲကျေးရွာရှိ ကြာကန်များ၌ လာရောက်၍ ပျော်ရွှင်အေးချမ်းစွာ အနားယူသူများ၊ ကြာကန်၏ သဘာဝ အလှတရားများနှင့်အတူ အမှတ်တရ ဓာတ်ပုံရိုက်ကူးသူများ၊ ကြာစွယ်ကြာပန်း ဝယ်ယူသူများဖြင့် စည်ကားလျက်ရှိသည်။

ကြာကန်များတွင် အပန်းဖြေအနားယူသူများ များပြားသလို မြို့နယ်အတွင်းရှိ တန်ခိုးကြီး သမိုင်းဝင် ထပ်လုံစေတီ၊ ဗောဓိရွှေညောင်ပင်၊ ကိုရင်ကြီးတောရကျောင်း၊ ထပ်ပူခမ်း စေတီတော်မြတ်များကိုလည်း လာရောက်ဖူးမြော်ကြည်ညို ကုသိုလ်ယူကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း