မိုင်းယောင်း ၁၇ ဧပြီ
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လုပ်ငန်းများတွင် ရှေ့တန်းမှ တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများအား အမှတ်(၄) ရပ်ကွက် “မိုင်းယောင်းစားသောက်ဆိုင်”မှ နေ့လယ်စာအတွက် ရက်အကန့်အသတ်မရှိ ထောက်ပံ့ လှူဒါန်းပေးကြောင်း သိရသည်။

မိုင်းယောင်းမြို့အဝင် မုန်းလိုက်ကျေးရွာအနီးရှိ မုန်းလိုက်တံတားပေါ်တွင် ဖြတ်သန်းသွားလာနေသော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကူးစက်ခံရခြင်း ရှိ/မရှိ အပူချိန်တိုင်း ကိရိယာများဖြင့် တိုင်းတာစစ်ဆေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများပေးခြင်း၊ အိမ်ထဲတွင် နေထိုင်ကြရန်၊ အပြင်ထွက်သွားလာမှု လျှော့ချရန်၊ လူစုလူဝေးမလုပ်ရန်၊ မဖြစ်မနေ အပြင်ထွက်ပါက နှာခေါင်းစည်းများ တပ်ဆင်ပြီးမှ ထွက်ရန်၊ လက်ကိုမကြာခဏ ဆေးကြောရန်၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြည်သူများသို့ ပန်ကြားချက်၊ ဒေသန္တရအမိန့်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များ၊ ပြည်သူများသို့ ပန်ကြားချက်များကို တိကျစွာ လိုက်နာဆောင်ရွက်သွားရန်စသည့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ပြည်သူအတွက် ရှေ့တန်း နေရာမှ တာဝန်ထမ်းဆောင်နေကြသော ကျန်းမာရေးဝန်ထမ်းများအား နေ့လည်စာအတွက် အမှတ်(၄)ရပ်ကွက် “မိုင်းယောင်းစားသောက်ဆိုင်”မှ ဧပြီ ၁၄ ရက်မှစတင်၍ ရက်အကန့်အသတ်မရှိ ထောက်ပံ့လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)