မိုင်းယောင်း  ၉   မေ

 

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အထွက်နှုန်း ကောင်းမွန်သော မျိုးကောင်းမျိုးသန့် ဆင်းဧကရီ-၃ မိုးစပါးမျိုးကို မေ ၉ ရက်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။

         

“ကျွန်တော်တို့ မိုင်းယောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ မြို့၏ ရာသီဥတုအခြေအနေနဲ့ ကိုက်ညီတဲ့ မျိုးကောင်းမျိုးသန့် စပါးမျိုးကို နှစ်စဉ် စိုက်ပျိုး ထုတ်လုပ်ပြီး သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ပါတယ်”ဟု စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးက ပြောသည်။

         

အဆိုပါ ဆင်းဧကရီ-၃ စပါးမျိုးသည် စိုက်ပျိုးချိန်တိုတောင်း၍ သက်လတ်စပါးမျိုးဖြစ်ကာ ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းလည်း ကောင်းမွန်သည့်အပြင် ဈေးကောင်းရရှိသည့်အတွက် ယခုနှစ်တွင် ဒေသခံတောင်သူများ ဆင်းဧကရီ-၃ မိုးစပါးမျိုးကို စိုက်ပျိုးရန် ပိုမိုစိတ်ဝင်စားလာကြောင်း သိရသည်။

 

စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)