မိုင်းယောင်း၌ နွေရာသီကျောင်းပိတ်ရက် အခြေခံကွန်ပျူတာ သင်တန်း အခမဲ့ ဖွင့်လှစ်သင်ကြား

မိုင်းယောင်း  ၁  မတ် 


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အခြေခံကွန်ပျူတာ သင်တန်းကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ မတ်လ ၁ ရက်ကစတင်ပြီး အခမဲ့ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။


သင်တန်းကို ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် အခြေခံကွန်ပျူတာပညာကို စနစ်တကျ နားလည်သိရှိစေရန်နှင့် နွေရာသီ ကျောင်းပိတ်ရက်အတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်ပြီး နေ့စဉ် နံနက် ၉ နာရီခွဲမှ ၁၁ နာရီခွဲနှင့် မွန်းလွဲ ၁ နာရီခွဲမှ ညနေ ၃ နာရီခွဲအထိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ အခမဲ့ဖွင့်လှစ် သင်ကြားပေးလျက်ရှိသည်။


အဆိုပါသင်တန်းကို မိုင်းယောင်းမြို့နယ် အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ ၂၈ ဦး တက်ရောက်သင်ယူနေလျက်ရှိပြီး မတ်လ ၁ ရက်မှ ဧပြီလ ၅ ရက်နေ့အထိ ရက်သတ္တပတ်ငါးပတ်ကြာ အခမဲ့ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။


အားချာ(ပြန်/ဆက်)