မိုင်းယောင်း စက်တင်ဘာ ၂၂
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နမ့်ဆီလင်း ကျေးရွာတွင် စက်တင်ဘာ ၂၂ ရက်က အိမ်ထောင်စု လူဦးရေစာရင်းများ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးကြောင်း သိရသည်။
အိမ်ထောင်စု လူဦးရေစာရင်း၌ မွေးတိုး၊ သေဆုံးစာရင်းဆောင်ရွက်ပေးခြင်း၊ နိုင်ငံသား စိစစ်ရေးကတ်ပြား စိစစ်၊ လဲလှယ် ထုတ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး၊ ပျက်စီးမှုများအား မိတ္တူထုတ်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်း တိုး၊ လျှော့၊ ပြောင်းဝင်၊ ပြောင်းထွက်ဆောင်ရွက်ပေးခြင်းကို လဝကမှူး ဦးသန်းဇော်ဦးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူတို့က အဆိုပါကျေးရွာရှိ ဒေသခံပြည်သူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)