မိုင်းယောင်း၌ ရိုးရာမီးရှူးမီးပန်းဖြင့် နှစ်သစ်ကိုကြိုဆို

မိုင်းယောင်း ၁၆  ဧပြီ

 

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်တွင် သင်္ကြန်အတက်နေ့တွင် ရိုးရာမီးရှူးမီးပန်းဖြင့် မြန်မာ သက္ကရာဇ် ၁၃၈၁ ခုနှစ် နှစ်သစ်ကို ကြိုဆို၍ ရပ်ကွက်(၈)ရှိ လယ်ကွင်းပြင်၌ ပျော်ရွှင်စွာ ပစ်လွှတ် ဂုဏ်ပြုခဲ့ကြောင်း သိရသည်။

 

1

 

နှစ်ဟောင်းမှ အညစ်အကြေးများကိုပယ်စွန့်၍ နှစ်သစ်တွင် စိတ်သစ်လူသစ်ဖြင့် အောင်မြင်မှုအသစ်များကို ရရှိကြပြီး ဘေးဘယာ ဝေးကွာကြစေရန် မနက်ပိုင်းတွင် ကျေးရွာဘုန်းကြီးကျောင်း၌ သဲပုံစေတီနှင့် သက်လွှတ်ပွဲကို စုပေါင်းလှူဒါန်းခဲ့ကာ နေ့လည်ပိုင်းတွင် ရိုးရာမီးရှူးပန်းဖြင့် လမ်ဝုန်းအကများနှင့်အတူ မြူးတူးစွာ ကခုန်လျက် ပစ်လွှတ်ကြိုဆိုခဲ့ကြောင်း သိရသည်။

 

စိုင်းအောင်ဇော်လင်း

 

1