မိုင်းယောင်း ၂၇ အောက်တိုဘာ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ တောင်သူအသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ ညနေပိုင်းက မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမမှာ ကျင်းပပြီး ပြည်သူများအလွယ်တကူ ကြည့်ရှုနိုင်ရေးအတွက် IPRD Mongyawng Facebook Page မှတစ်ဆင့် ထုတ်လွှင့်ခဲ့ကြောင်း သိရသည်။
အသိပညာပေး (Talk Show)ဆွေးနွေးပွဲမှာ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးက လယ်ယာထွက် စွန့်ပစ်ပစ္စည်းများမှ သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်း အဆင့်ဆင့်ကို ဆွေးနွေး ဟောပြောခဲ့ပြီး၊ ပြည်သူများအနေဖြင့် နည်းပညာများနှင့် စိုက်ပျိုးရေး ဆိုင်ရာ လိုအပ်မှုများရှိပါက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနသို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း တောင်သူများအား တိုက်တွန်း ပြောကြားခဲ့သည်။
မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် လူကုန်ကူးမှု တိုက်ဖျက်ရေး ဆိုင်ရာ အသိပညာပေးခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်း၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးခြင်း၊ ယာဉ်စည်းကမ်း/လမ်းစည်းကမ်းဆိုင်ရာ အသိပညာ ပေးခြင်းနှင့် ပြည်သူလူထုသို့ အသိပညာပေးလိုသည့် အခြားအကြောင်းအရာများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း Online မှတစ်ဆင့် စဉ်ဆက်မပြတ် ရိုက်ကူးထုတ်လွှင့် ပေးလျက်ရှိကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းအောင်ဇော်လင်း ထံမှ သိရသည်။
အားချာ


