မိုင်းယောင်း ၁၉ မေ

 

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၌ မိုးရာသီတွင် အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်နှိမ်နင်းရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ပြည်သူလူထုမှ စဉ်ဆက်မပြတ် ပူးပေါင်းပါဝင်လာစေရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထိုသို့ ဆောင်ရွက်ခဲ့ရာ လူနေအိမ်များတွင် ပိုးလောက်လန်း ပေါက်ပွားစေနိုင်သော ရေစည်၊ ရေအိုး၊ ရေလှောင်ကန်များတွင် အဘိတ်ဆေးခတ်ခြင်း၊ ရေဝပ်နိုင်သော ချိုင့်ခွက်များကို မြေဖို့ခြင်း၊ ရေနုတ် မြောင်းများ စနစ်တကျ တူးဖော်ခြင်း၊ မိုးရေတင်နိုင်သော စွန့်ပစ်ပစ္စည်းများ စနစ်တကျ မြေမြှုပ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများကို ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ရပ်ကွက်နှင့် ကျေးရွာအလိုက် စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)