မိုင်းယောင်း ၁၃ အောက်တိုဘာ
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်တွင် သီတင်းကျွတ်လပြည့် (အဘိဓမ္မာနေ့)၌ မြို့၏သမိုင်းဝင် အထင်ကရနေရာများနှင့် ကျေးရွာဘုန်းကြီးကျောင်းများတွင် ဒေသခံ တိုင်းရင်းသား ပြည်သူများ၊ ကုသိုလ်ကောင်းမှု ပြုသူများဖြင့် စည်ကားလျက်ရှိသည်။
မိုင်းယောင်းတွင် နှစ်စဉ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာနေ့)ရောက်တိုင်း မြို့၏သမိုင်းဝင် အထင်ကရ နေရာများဖြစ်ကြသည့် ရှေးဟောင်းသမိုင်းဝင် ဓာတ်လုံစွမ်ယောင်း (ထပ်လုံ)စေတီ၊ မြို့ဦးစေတီ၊ ဗုပ္ပဝိဇယဆုတောင်းပြည့် စေတီတော်မြတ်၊ သက်တမ်း နှစ် ၂၀ဝ၀ ကျော်ရှိ ဗောဓိ ရွှေညောင်ပင်၊ ဖပီလုံပါဝုန်း (ဈာန်ရကိုရင်ကြီး တောရကျောင်း)၊ မဟာမြတ်မုနိဘုရား (ဖကျောက် လုံလခဲန်)၊ တန်ခိုးကြီး ဘုရားဆင်းတုတော်များ ကိန်းဝပ်စံပယ်ရာ ဟိုခုံဘုန်းကြီးကျောင်း (အသောကသိမ်တော်)၊ ထေရဝါဒ ဗုဒ္ဓသာသနာပြု (ဗဟို)ကျောင်းတိုက်၊ မြို့လုံးကျွတ် သီတင်းကျွတ် ပွဲတော် စုပေါင်းဆင်နွဲရာ မွန်ရှဲန်ဘုန်းကြီးကျောင်းနှင့် ကျေးရွာဘုန်းကြီးကျောင်းများ၌ ကုသိုလ် ပြုသူများ၊ တရားဘာဝနာ အားထုတ်သူများနှင့် ရပ်နီးရပ်ဝေးမှ ဘုရားဖူးဧည့်သည်များ လာရောက် ဖူးမြော်ကြည်ညိုသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း


