မိုင်းယန်း အောက်တိုဘာ ၂၁
မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးနှင့် ရပ်ကွက်နေပြည်သူများ ဝင်ထွက်သွားလာမှု အဆင်ပြေစေရေးအတွက် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့၊ ပါမိုင်ရပ်ကွက်အတွင်းရှိ ဧဒင်လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။
အဆိုပါလမ်းကို မိုင်းယန်းမြို့နယ် စည်ပင်သာယာရေးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုရန်ပုံငွေ (၅၄.၅၁)သန်းဖြင့် အရှည် ၁၅၀၀ ပေ၊ အကျယ် ၁၄ ပေ၊ ထု ၆ လက်မရှိ မိုင်းယန်းမြို့၊ ပါမိုင်ရပ်ကွက် ဧဒင်လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်မှုကို ယခုအခါ လုပ်ငန်းအားလုံး ပြီးစီးပြီဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးစိုင်းပင်းမိန်းဆိုင်ထံမှ သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)