မိုင်းယန်း မေ ၂၃

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား ကျောင်းသူများအား ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်လက်ခံခြင်းများကို မေ ၂၃ ရက် နံနက်ပိုင်းမှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိသည်။

 

မိုင်းယန်းမြို့ခရိုင်၊ မိုင်းယန်းမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း တစ်ကျောင်း၊ အလယ်တန်းကျောင်း သုံးကျောင်း၊ အလယ်တန်းကျောင်းခွဲ နှစ်ကျောင်း၊ မူလတန်းကျောင်း ၁၀ ကျောင်းနှင့် မူလတန်းလွန်ကျောင်း လေးကျောင်း စုစုပေါင်း ၂၀ ရှိပြီး သက်ဆိုင်ရာ အခြေခံကျောင်းများ၌ တာဝန်ခံကျောင်းအုပ်ကြီးများနှင့် ဆရာ ဆရာမများက ကျောင်းအပ်လက်ခံခြင်းများနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ အခမဲ့ထုတ်ဝေပေးသွားမည်ဖြစ်သည်။

 

ထွန်းထွန်းထူး