မိုင်းယန်း ဇန်နဝါရီ ၆
ခွေးရူးရောဂါပိုး ကူးစက်ခံရခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်အတွင်းရှိ ခွေးများနှင့် ကြောင်များအား ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းကို ဇန်နဝါရီ ၁၁ ရက်နေ့မှ ၁၂ နေ့ထိ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးရှေ့တွင် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာစိုင်းကျောက်ငင်းနှင့် ဝန်ထမ်းများက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ခွန်ရဲထွေး(ဆီဆိုင်)