မိုင်းယန်း          မတ်                

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုရန် စာစစ်ဌာနများ စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေး မီးဘေးလုံခြုံရေး စစ်ဆေးခြင်းများကို ယနေ့ နံနက် ၁၀ နာရီက မွန်ကဲရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်သည်။

 

ရှေးဦးစွာ မိုင်းယန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲဥက္ကဋ္ဌ ဦးအောင်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများတို့မှ စာစစ်ဌာနတာဝန်ကျ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ထို့နောက် အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ စာဖြေခန်းများ စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီးနှင့်  မြို့နယ်မီးသတ်ဦးစီးမှူး ဦးရန်မျိုးအောင်နှင့် တပ်ဖွဲ့ဝင်များမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လျှပ်စစ်ဝိုင်ယာရှော့ ဖြစ်ပေါ်စေနိုင်သော မီးပလပ်ခုံများ၊ မီးသတ်ဆေးဗူးများ ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေများကို စစ်ဆေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းထူး