မိုင်းယန်း ၁၈  ဧပြီ  

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့် ထောက်ပံ့ငွေလှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းက မိုင်းယန်းမြို့နယ် မြို့နယ်ပြည်သူ့‌ဆေးရုံ၌ လှူဒါန်းခဲ့သည်။

 

ရှေးဦးစွာ မြို့နယ်ဆရာဝန်ကြီးက မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ဝန်ကြီးချုပ်‌ ဒေါက်တာလင်းထွဋ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

 

ထို့နောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အထောက်အကူပြု ပစ္စည်းများဖြစ်သော PPE ဝတ်စုံ ၂၀ စုံ၊ နှာခေါင်းစည်း ၈၄၀ ခု၊ လက်သန့်ဆေးဗူး ၅ ဗူး၊ လက်အိတ်ရှည် ၁၀ စုံ၊ Goggle မျက်မှန် ၁၂ ခု၊ Bleaching Powder ၁ ဗူး၊Test Kit ၁၀ ခု၊ Thermometer ၄ ခုနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ Facility Quarantine Centre ရှိ ပြည်သူများကို အားပေးစကားနှင့်‌ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းခဲ့သည်။

 

ထွန်းထွန်းထူ (ပြန်/ဆက်)