မိုင်းယန်း ဩဂုတ် ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် Covid-19 ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာလုပ်ငန်းများ အရှိန်အဟုန်မြင့် ဆောင်ရွက်နိုင်ရန်နှင့် ရောဂါဆက်လက် ပြန့်ပွားမှုမရှိစေရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ဩဂုတ် ၂၅ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးတွင် ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးက ည ၈ နာရီနောက်ပိုင်း မြို့အဝင်ဂိတ်တွင် ဝင်/ထွက်သွားလာမှုမရှိစေရေး၊ ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံပေးနိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာများသို့ လှည့်လည်နှိုးဆော်ပေးရေး၊ ပြည်သူများ စားသောက်ရေးအဆင်ပြေစေရန်အတွက် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် တစ်အိမ်ထောင်လျှင် ဈေးဝယ်ကတ် တစ်ကတ် ထုတ်ပေးရေး၊ ဩဂုတ် ၂၆ ရက်နေ့မှစ၍ လူစုလူဝေးပြုလုပ်ခြင်း၊ နှာခေါင်းစည်း(Mask)တပ်ဆင်မှု မရှိသူများနှင့် ကိုဗစ်-၁၉ သတ်မှတ်စည်းကမ်းချက်များ လိုက်နာမှု မရှိသူများကို ရှောင်တခင်စစ်ဆေးတွေ့ရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ဆွေးနွေးပြောကြားပြီး လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး


