မိုင်းယန်း အောက်တိုဘာ ၂၂
ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရေး ရှမ်း၊ မြန်မာနှစ်ဘာသာဖြင့် အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့ နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်ဆောင်ရွက်ခဲ့သည်။
ထိုသို့ လှည့်လည်နှိုးဆော်ရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုကို လျော့နည်းစေပြီး ထိရောက်စွာကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် တတ်နိုင်သမျှ အိမ်တွင်း၌သာ နေထိုင်ပါ၊ နေအိမ်ပြင်ပသို့ သွားရောက်ရန်ရှိပါက ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို မဖြစ်မနေ စနစ်တကျတပ်ဆင်ရန်၊ လက်ကိုစက္ကန့်(၂၀)ကြာ မကြာခဏ ဆေးကြောပါ၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်လုပ်ကိုင်ပါ၊ မိမိတို့နေအိမ်တွင် အသက်(၆၅)နှစ်နှင့်အထက် အသယ်အရွယ်ကြီးရင့်သူ ဆီးချို၊ သွေးချို၊ နှလုံးစသည့် နာတာရှည်ရောဂါတစ်ခုခု ခံစားနေရသူရှိပါက ထိုသူအား ပါးစပ်နှင့် နှာခေါင်းစည်းကို တပ်ဆင်ထားစေရန်၊ နေအိမ်ရှိ ပြတင်းပေါက်များအား လေဝင်လေထွက်ကောင်းအောင် ဖွင့်ထားရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုခံယူခြင်းတို့ကို အထူးကရုပြု ပူးပေါင်းဆောင်ရွက်ကြရန်၊ ရောဂါပိုးကူးစက် သည်ဟုသံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်ပြီး မပျက်မကွက် စစ်ဆေးကုသမှုခံယူပါ၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို အမြန်တားဆီး ကာကွယ်နိုင်ရန်အတွက် ရောဂါကာကွယ်တားဆီးရေး လုပ်ငန်းကို ပြည်သူများ သိရှိလိုက်နာပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် Hand Speaker ဖြင့် အသိပညာပေး လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)


