မိုင်းယန်း အောက်တိုဘာ ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီနာယက၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများသည် အောက်တိုဘာ ၄ ရက် နံနက်ပိုင်းက မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စု၊ ယန်းခိုင်ကျေးရွာ တောင်သူ ဦးအိုက်ပျန့်၏ ဆင်းဧကရီ-၃ မျိုးစေ့ထုတ် စိုက်ခင်း၌ စပါးမျိုးကွဲ နုတ်ပယ်ခြင်း ဒုတိယအကြိမ် ဆောင်ရွက်မှုကို ကြည့်ရှုပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများနှင့် အခြေခံ စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲကို တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားပြီး တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းအခြေအနေများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများနှင့် အခြေခံ စားသောက်ကုန်များကို ထောက်ပံ့ပေးအပ်ရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးနှင့် တာဝန်ရှိသူများက လက်ခံရယူပြီး မိုင်းယန်း လူမှုကူညီရေး အသင်း ဥက္ကဋ္ဌ ဦးစိုင်းလှိုင်ခမ်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ခွန်ရဲထွေး(ဆီဆိုင်)