မိုင်းယု မတ် ၂

 

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် မီးခိုးမြူငွေ့ညစ်ညမ်းမှုပြဿနာ လျော့ချနိုင်ရေးအတွက် မီးခိုးမြူငွေ့ကင်းစင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက ဝမ်နားဟွေကျေးရွာရှိ ဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ဟောပြောပွဲတွင် ဒေသတွင်းတောင်ယာ၊ တောတောင်များတွင် တောမီးရှို့ခြင်းများ မပြုလုပ်စေရေး၊ မီးခိုးမြူငွေ့ ဖုံးလွှမ်းသည့်ကိစ္စရပ်များ မဖြစ်ပေါ်စေရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး၊ စိုက်ပျိုးရာသီဖြစ်သော်လည်း တောမီးများရှို့ရာတွင် မီးတားလမ်းများ ပြုလုပ်ထား၍ ထိန်းထိန်း သိမ်းသိမ်း ပြုလုပ်ဆောင်ရွက်နိုင်ရေး၊ ပေါ့ဆစွာလောင်ကျွမ်းမှုဖြစ်ပေါ်ပါက ရရှိလာမည့် ပြစ်ဒဏ်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများနှင့် အွန်လိုင်းငွေကြေး လိမ်လည်မှုနှင့် ပတ်သက်၍ အသိပညာပေးခြင်း စသည့်အကြောင်းအရာများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဟောပြောခဲ့ကြသည်။

 

ထို့နောက် တက်ရောက်လာကြသူများကို ပြည်သူ့စစ်မှုထမ်းဥပဒေ ဆိုင်ရာသိကောင်းစရာ သတင်းစကား လက်ကမ်းစာစာင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကိုကိုနိုင်