မိုင်းယု ဇန်နဝါရီ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့ မြို့မရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်း၌ ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စာစီစာကုံး၊ ကျပန်းနှင့် ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ခဲ့သည်။
အဆိုပါ စာစီစာကုံး၊ ကျပန်းနှင့် ပျော်ပွဲရွှင်ပွဲများကို မူလတန်းအဆင့်တွင် ဂုန်နီအိတ်စွပ်၊ မီတာ ၅၀ အပြေး၊ အာလူးကောက်နှင့် စာစီစာကုံးပြိုင်ပွဲ၊ အလယ်တန်းအဆင့်တွင် စာစီစာကုံး၊ လွန်ဆွဲ၊ ထုပ်ဆီးတိုးနှင့် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲတို့ ဖြစ်ကြသည်။
ယင်း ပြိုင်ပွဲဆုရ ကျောင်းသား ကျောင်းသူများကို ဇန်နဝါရီ ၄ ရက်တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ဆုများ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုကိုနိုင်(မိုင်းယု)


