မိုင်းယု   မတ်   ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ အခြေခံပညာ ကျောင်းများ၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ အလယ်တန်းအဆင့်(Grade-9) ကျောင်းသား ကျောင်းသူများ နှစ်ဆုံးစာမေးပွဲကို မတ် ၁၉ ရက် နံနက်ပိုင်းက တတိယနေ့အဖြစ်သင်္ချာဘာသာရပ်ကို အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိသည်။

မိုင်းယုမြို့တွင် အခြေခံပညာအလယ်တန်းအဆင့်(Grade-9) နှစ်ဆုံးစာမေးပွဲကို စာစစ်ဌာန နှစ်ခု ဖြစ်သည့် အခြေခံပညာအထက်တန်းကျောင်း(မိုင်းယု)၌ Grade-9 စာမေးပွဲဖြေဆိုသူ ကျောင်းသား ၁၁ ဦး၊ ကျောင်းသူ ၁၂ ဦး စုစုပေါင်း ၂၃ ဦးနှင့် အခြေခံပညာ အလယ်တန်းကျောင်း-ခွဲ(ကော်ဆမ်မိန်း) ၌ Grade-9 စာမေးပွဲဖြေဆိုသူ ကျောင်းသား နှစ်ဦး၊ ကျောင်းသူ ခုနစ်ဦး စုစုပေါင်း ကိုးဦး ဝင်ရောက်ဖြေဆိုကြရာ သက်ဆိုင်ရာ စာစစ်ဌာနအလိုက် စာမေးပွဲကို အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် တာဝန်ကျဆရာ၊ ဆရာမများက ကြီးကြပ်စစ်ဆေး ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

အားချာ