မိုင်းယုမြို့၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံ

မိုင်းယု အောက်တိုဘာ ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinovac) ထိုးနှံပေးခြင်းကို ယနေ့ နံနက်(၁၀) နာရီက မြို့မရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ထိုးနှံပေးခဲ့သည်။

မိုင်းယုမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinovac)ပထမကြိမ် ထိုးနှံပြီးသူ မြို့မရပ်ကွက်နှင့် တာကြန့်ကျေးရွာအုပ်စု၊ ဆမ်မိန်းကျေးရွာတို့ရှိ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများ အလယ်တန်းအဆင့် ကျောင်းသား(၁၆)ဦး၊ ကျောင်းသူ(၃၃)ဦးနှင့် အထက်တန်းအဆင့် ကျောင်းသား(၄)ဦး၊ ကျောင်သူ(၅)ဦး၊ စုစုပေါင်း ကာကွယ်ဆေးထိုးနှံပြီးသူ (၅၈)ဦးရှိခဲ့ပြီး ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများအား သတ်မှတ်ရက်များအလိုက် ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကိုကိုနိုင်(မိုင်းယု)