မိုင်းယု ၃ ဇွန်
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် အသက်(၁)နှစ်အောက် ကလေး ငယ်များ ပုံမှန်ကာကွယ်ဆေးထိုး/တိုက်ခြင်း အစီစဉ်ကို ဇွန် ၂ ရက်နေ့နှင့် ၃ ရက်နေ့အထိ ပြည်သူ့ ဆေးရုံတွင် အပြီးတိုက်ကျွေး/ထိုးနှံခဲ့ရာ ကလေးငယ် စုစုပေါင်း ၈၉ ဦးကို တိုက်ကျွေး/ထိုးနှံနိုင်ခဲ့သည်။
အဆိုပါ တိုက်ကျွေး/ထိုးနှံခြင်းကို တာကြန့်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်ဖြူဖြူဝင်း၊ ဒွန်းနွဲ့ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်ဝေဝေလွင်၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့တို့က မြို့နေပြည်သူများ၏ အသက်(၂)လမှ (၁)နှစ်အောက် ကလေးငယ်များကို ဆောင်ရွက်ပေးလျက်ရှိပြီး ယခုအခါတွင် ကိုဗစ်-၁၉ ကာလဖြစ်သည့်အတွက် ကာကွယ်ဆေး လာရောက်ထိုးနှံသူတို့အား သတ်မှတ်နေရာတို့တွင် စည်းတားထားခြင်း၊ လူစုလူဝေး မဖြစ်စေရန် (၆)ပေအကွာထိုင်စေခြင်း၊ နှားခေါင်းစည်း (Mask)များ တပ်စေခြင်း၊ ကိုယ်အပူချိန် တိုင်းတားခြင်းများ ဦးစွာပြုလုပ်စေပြီး ဆေးထိုး/တိုက်ပြီးပါက ကလေးငယ် နှင့်အတူ မိခင်များကိုပါ လက်ဆေးခြင်းများ ပြုလုပ်စေကာ ဆေးထိုး/တိုက်ပြီးသည့် ကလေးငယ်များကို နာရီဝက်ခန့် ကျန်းမာရေးစောင့်ကြည့် စစ်ဆေးမှုများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကိုကိုနိုင်(မိုင်းယု)


