မိုင်းယု ၂၉ အောက်တိုဘာ
မြန်မာနိုင်ငံအတွင်းရှိ အသက်(၅)နှစ်အောက် ကလေးငယ်များ သေဆုံးမှုကို လျှော့ချနိုင်ရေးနှင့် ၂၀၂၃ ခုနှစ်တွင် ဝက်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါပပျောက်စေရန် ရည်ရွယ်ချက်ဖြင့် ဒုတိယအကြိမ် ဝက်သက် ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးခြင်း/ထိုးနှံခြင်းကို အောက်တိုဘာ ၂၅ ရက်နေ့မှ ၂၉ ရက်ထိ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယုမြို့ ကျန်းမာရေးဦးစီးဌာန ပြည်သူ့ဆေးရုံ၌ တိုက်ကျွေး/ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေး တိုက်ကျွေးခြင်း/ထိုးနှံခြင်းကို ဝမ်တာကြန့်ကျေးရွာအုပ်စုနှင့် ဒွန်းနွဲ့ကျေးရွာအုပ်စု ကျေးလက်ကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်ဖြူဖြူဝင်းနှင့် ဒေါ်ဝေဝေလွင်တို့က ဦးဆောင်လျက် မိုင်းယုမြို့ရှိ မြို့မရပ်ကွက်အုပ်စု၊ ဝမ်တာကြန့်ကျေးရွာအုပ်စု၊ ဒွန်းနွဲ့ကျေးရွာအုပ်စု၊ မိုင်းလွေကျေးရွာအုပ်စုနှင့် ရွေ့ပြောင်းလုပ်သားပြည်သူကလေးငယ်များဖြစ်သည့် အသက်ကိုးလမှ ငါးနှစ်အောက် ကလေးငယ်စုစုပေါင်း ၃၅၃ ဦးကို ဒုတိယအကြိမ် ဝက်သက်၊ ဂျိုက်သိုးကာကွယ်ဆေး အပိုဆောင်း တိုက်ကျွေး/ထိုးနှံ ပေးနိုင်ခဲ့ ကြောင်း သိရသည်။
ကိုကိုနိုင်(မိုင်းယု)


