မိုင်းယု ၁၅ ဒီဇင်ဘာ
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင် မိုင်းယုမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုက်နယ်ဆရာဝန် ဒေါက်တာ အောင်အောင်ဝင်းထွဋ် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများသည် ဒီဇင်ဘာ ၁၄ ရက်က ကျေးလက်နေပြည်သူများအား နယ်လှည့်ဆေးကုသရေးလုပ်ငန်းများ အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ နယ်လှည့်ဆေးကုသမှုများကို မိုင်းယုဒေသရှိ ဝမ်ဒွန်းနွဲ့ကျေးရွာအုပ်စုနှင့် မိုင်းလွေကျေးရွာအုပ်စုအတွင်းရှိ ကျေးလက်ပြည်သူ ၁၉၅ ဦးတို့အား ထိခိုက်ရှနာ၊ ဆီးချို၊ သွေးတိုးနှင့် အခြားအထွေထွေရောဂါများအား စစ်ဆေးပေးခြင်း၊ ကုသပေးခြင်းများပြုလုပ်ကြပြီး လိုအပ်သည့် ဆေးဝါးများကိုလည်း အခမဲ့ဖြည့်ဆည်းဆောင်ရွက်ပေးကာ အစားအသောက်ဆိုင်ရာ ကျန်းမာရေး အသိပညာပေးမှု လုပ်ငန်းများလည်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ကိုကိုနိုင်(မိုင်းယု)