မိုင်းယု ဩဂုတ် ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် မိုင်းယုပြည်သူ့ဆေးရုံရှိ ကျန်းမာရေးအဖွဲ့နှင့် ကိုဗစ်ရောဂါပိုးတွေ့ရှိ၍ ဆေးကုသမှု ခံယူနေကြသည့် အတည်ပြု လူနာများအတွက် မိုင်းယုဒေသခံပြည်သူများက ဩဂုတ် ၅ ရက်က အာဟာရအစားအသောက်များကို ယာယီကုသဆောင်သို့ သွားရောက်ကာ ထောက်ပံ့လှူဒါန်း ခဲ့သည်။
မိုင်းယုဒေသခံပြည်သူများ စုပေါင်း၍ စားသောက်ကုန်ပစ္စည်းများဖြစ်သည့် ကြက်ဉ၊ မားမားခေါက်ဆွဲထုပ်၊ ကွေကာအုပ်နှင့် သောက်ရေသန့်တို့ကို ကိုဗစ်အတည်ပြု လူနာများအတွက် ထောက်ပံ့လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
ကိုကိုနိုင်(မိုင်းယု)


