မိုင်းယု၊   ၁၄  ဒီဇင်ဘာ

 

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယုမြို့တွင် မြေသားအုတ်လုပ်ငန်းများလုပ်ကိုင်လာကြပြီး ထုတ်လုပ်ရောင်းချရာတွင် ဈေးသက်သာသဖြင့် ရောင်းသူနှင့် ဝယ်ယူသူအကြား လုပ်ငန်းအဆင်ပြေလျက်ရှိသည်။

 

မိုင်းယုဒေသတွင် မြေသားအုတ်လုပ်ငန်းကို စက်ဖြင့်ပုံဖော်ပြုလုပ်ကြပြီး မြေသားအုတ်ကို ဒေသတွင်း ပို့ဆောင်ပေး ရပါက တစ်လုံးလျှင် ကျပ်ငွေ ၁၁၀ ဖြင့် ပို့ဆောင်ပေးပြီး အုတ်ကွင်းသို့ လာရောက်ဝယ်ယူပါက တစ်လုံးလျှင် ကျပ်ငွေ ၁၀၀ဖြင့်သာ ရောင်းချပေးသဖြင့် ဒေသတွင်းရှိ မြေသားအုတ်ဝယ်ယူသူများ အဆင်ပြေလျက်ရှိကြောင်း မြေသားအုတ် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

 

မိုင်းယုမြို့တွင် ယခင်က မြေသားအုတ်လုပ်ငန်း လုပ်ကိုင်သူမရှိသေး၍ အိမ်များဆောက်လုပ်ရန်နှင့် ခြံစည်းရိုး ကာရံရာတွင် မြေသားအုတ်ကို မိုင်းယောင်းမြို့နယ်မှတစ်ဆင့် ဝယ်ယူအသုံးပြုရပြီး ယခုအခါ အချိန်ကုန်၊ ငွေကုန်သက်သာစွာဖြင့် ဒေသတွင်းမှာပင် ဝယ်ယူရရှိနိုင်သဖြင့် မြေသားအုတ်လုပ်ငန်း လုပ်ကိုင်ရောင်းချသူနှင့် ဝယ်ယူသူအကြား အဆင်ပြေနေလျက်ရှိကြောင်း သိရသည်။

 

ကိုကိုနိုင်(ပြန်/ဆက်)