မိုင်းယု ဩဂုတ် ၂၉
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယုမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် ဩဂုတ် ၂၉ ရက်နေ့က ဒုတိယအကြိမ်အဖြစ် အမှတ်(၁၀၀၈) နယ်ခြားစောင့်တပ်နှင့် တာကြန့်ကျေးရွာအုပ်စုတို့သို့ ကွင်းဆင်းပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူး ဦးမင်းနောင်၊ ဒုတိယလဝကမှူး ဦးစိုင်းနေမွန်းငြိမ်းနှင့် ဝန်ထမ်းများက အမှတ်(၁၀၀၈) နယ်ခြားစောင့်တပ်မှ အရာရှိများ၊ စစ်သည်များ၊ မိသားစုဝင်များနှင့် တာကြန့်ကျေးရွာ အုပ်စုအတွင်းရှိ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်း၌ မွေးတိုး၊ သေဆုံးစာရင်း ဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စု လူဦးရေစာရင်း တိုး၊ လျှော့၊ ပြောင်းဝင်၊ ပြောင်းထွက် ဆောင်ရွက်ပေးခြင်းလုပ်ငန်းများ၊ နိုင်ငံသား စိစစ်ရေးကတ်ပြား စိစစ်၊ လဲလှယ်ထုတ်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး၊ ပျက်စီးမှုများအား မိတ္တူထုတ်ပေးမှု ဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးကြောင်းနှင့် ဆောင်ရွက်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းတို့ကို မိုင်းယုမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုး၊ မြို့နယ် လဝက ဦးစီးမှူး ဦးမင်းနောင်နှင့် တာဝန်ရှိသူများတို့က သက်ဆိုင်ရာ ကာယကံရှင်လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုင်းယုမြို့၊ လဝကရုံးအနေဖြင့် ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများ၊ နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးလျက်ရှိသည့်အပြင် မြို့ရုံးတွင်လည်း အိမ်ထောင်စု၊ လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ရာတွင် အလွယ်တကူသိရှိနိုင်ရန်နှင့် စုံစမ်းမေးမြန်းနိုင်ရန်အတွက် Call Center (၀၈၄-၆၅၀၂၀ နှင့် ၀၉- ၄၅၄၉၉၁၅၇၂ ) သို့ဆက်သွယ်၍ မေးမြန်းနိုင်ကြောင်း သိရသည်။
ခွန်အာကာ


